သဘာ၀စိန်၀ယ်နည်းလမ်းညွှန်
စိန်များသည် ဈေးကြီးလွန်းပြီး၊ DIAMOND ALTERNATIVES များ သုံးလာနိုင်ကြသည်။
ယင်းတို့မှာစိန်တု၊ ဓာတုစိန် နှင့် ပြုပြင်ဖန်တီးထားကြသောစိန်များဖြစ်ကြသည်။ အောက်ပါ ဖော်ပြချက်များသည် ယင်းတို့အချင်းချင်းကွဲပြားခြားနားချက်များ ဖြစ်ကြသည်။
ဓာတုစိန် Synthetic diamonds
ဓာတုစိန်များတွင် ရုပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိ၊ မျက်စိအမြင်နှင့် ဓာတုဖွဲ့စည်းပုံတို့သည် သဘာ၀စိန်များနှင့် တူညီမှု ရှိကြသည်။ ဆိုလိုသည်မှာ ဓာတုစိန်များသည် သဘာ၀စိန်များနှင့် မဖြစ်မနေတူနေကြသည်။ မတူသည်မှာကားဓာတုစိန်ကဓာတ်ခွဲခန်းမှ ထွက်၍ သဘာ၀စိန်က မြေကြီးထဲမှထွက်ခြင်းပင်ဖြစ်သည်။ ဓာတုစိန်များကိုနည်းစဉ် နှစ်မျိုးအနက်မှ တစ်မျိုးကိုအသုံးပြု၍ ထုတ်လုပ်ထားခြင်း ဖြစ်သည်။ ယင်းနည်းစဉ်နှစမိျုးမှာ ဖိအားမြှင့်/အပူချိန်မြှင့် နည်းစဉ် သို့မဟုတ် ဓာတုငွေ့ဖို့ခြင်းနည်းစဉ်တို့ ဖြစ်ကြသည်။
စိန်တု Simulants
စိန်နှင့်တူသောအခြားကျောက်မျက်များရှိသော်လည်းအရည်အသွေးကွာခြားကြသည်။ ယင်းတို့သည် သဘာ၀ကျောက်မျက်များသို့မဟုတ် ဓာတုကျောက်မျက်များ ဖြစ်ကြသည်။ သဘာ၀ကျောက်မျက်များသည် စိန်နှင့် ဆင်တူ၍ အသုံးပြုများကြသည်။ ဥပမာအရောင်မဲ့ နီလာ (အဖြူရောင်နီလာဟုလည်းလူသိများကြသည်) ၊ သို့မဟုတ် အရောင်မဲ့ ဂေါ်မိတ်တို့ဖြစ်ကြသည်။ အရောင်မဲ့နီလာသည် စိန် နီးပါးလောက်မာသည်။ မ်ိုး၏အမာစကေးအရ ၉ အဆင့် တွင် ရှိသည်။အရောင်မဲ့ ဂေါ်မိတ်သည်ကားဤမျှလောက် မမာချေ။ မာခြင်းအဆင့် ၆ မှ ၇.၅ မျှသာရှိသည်။ ယင်းကိုပို၍ သတိထား ၀ယ်ရန်ဖြစ်သည်။
ဂေါ်မိတ်တုံးလေးများ Cubic Zirconia (CZ)
အတွေ့ရအများဆုံးသောစိန်တုတစ်မျိုးမှာကျူးဗစ်ဇာခိုနီးရာ ဖြစ်သည်။ကျူးဗစ်ဇာခိုနီးရာသည် ဇာခိုနီယမ် ဒိုင်အောက်ဆိုဒ် မှလာသည်။ ဓာတုနည်းဖြင့် ချက်လုပ် တုပထားသောစိန်သည် မာကျောသည်။ အမြင်အားဖြင့် အပြစ်အနာအဆာကင်းစင်ဟန်ရှိသည်။ များသောအားဖြင့် အရောင်မဲ့ဖြစ်သည်။ ယင်းကို skull melting ဟုခေါ်သောနည်းစဉ်ဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ကျောက်မျက်များကိုအရည်ကြို သောအခါ မာတင်းနေသောထုလုံး၏ အပြင်ဘက် ပိုင်းကိုအအေးခံသောနည်းစဉ် ဖြစ်သည်။
ဆီလီကွန် ကာဘိုက် Synthetic moissanite
အရောင်မဲ့ ဆီလီကွန် ကာဘိုက် ကို ၁၉၉၀ပြည့်လွန် နှစ်များ်ကစိန်တုအဖြစ် ထုတ်လုပ် နိုင်ခဲ့ခြင်းဖြစ်သည်။၄င်းသည် ယခင် ပေါ်ပေါက်ခဲ့ဘူးသောစိန်တုများနှင့် နှိုင်းစာလျှင် စိန်နှင့်ပိုတူပေသည်။သို့သော် သူ၏ ကိုယ်ပိုင် အရည်အသွေးများကြောင့် ယခုအခါ ကျောက်မျက် အဖြစ် အရောင်းရဆုံးဖြစ်သည်။ မာခြင်းအဆင့်ကလည်း ၉.၅ ရှိ၍ စိန် အစစ်နီးပါးမာကျောပေသည်။ ၄င်း၏အသုံးခံသော ဂုဏ်သတ္တိက သဘာ၀စိန်ကိုလည်း ယှဉ်ပြိုင်နိုင်စွမ်းရှိသည်။
စိန်မျိုးစပ် (စိန်ကပြား)Diamond Hybrids
စိန်မျိုးစပ် (စိန်ကပြား) ဆိုသည်မှာအချို့သောထုတ်လုပ်သူများက သဘာ၀စိန် သို့မဟုတ် ဓာတုကျောက်မျက် တစ်ခုခုပေါ်တွင် ဓာတုစိန်ရည် သို့မဟုတ် စိန်နှင့် အလားသဏ္႑န်တူသောကာဘွန်တစ်မျိုးမျိုးကိုပါးပါးသုတ်လိမ်းထားသောကျောက်မျက် ကိုခေါ်ပါသည်။ထိုသုတ်လိမ်းထားသောအရည်မှာ ထာ၀ရတည်တံ့ခြင်းမျိုးမဟုတ်ဘဲဖယ်ရှားပစ်နိုင်သောပစ္စည်းဖြစ်သည်။