Chairman- U Kyaw Thura

RELAX Business Group Co.,Ltd.

01

Mandalay Yatanar Mall

Gems & Jewellery Shopping Mall

နိဒါန်း

၁။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် သဘာဝသယံဇာတပစ္စည်းများ ပေါကြွယ်ဝသောနိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ အဓိကထွက်ရှိသော ကျောက်မျက်ရတနာများမှာ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့မှပတ္တမြား/နီလာ၊ ကချင်ပြည်နယ်ဖားကန့်ဒေသမှ ကျောက်စိမ်း၊ စစ်ကိုင်းတိုင်းဒေသကြီး မှ ပယင်း နှင့်အခြားတွင်းထွက်များ၊ တနင်္သာရီတိုင်းဒေသကြီးမှထွက်ရှိသော ပုလဲ စသည့်ကျောက်မျက်ရတနာပစ္စည်းများမှာ ကမ္ဘာတစ်ဝှမ်း လူသိများကျော်ကြားလျှက်ရှိပါသည်။

၂။ မန္တလေးတိုင်းဒေသကြီးသည် မြန်မာနိုင်ငံအလယ်ဗဟို အချက်အချာကျသော နေရာ၌တည်ရှိပြီး ပတ်ဝန်းကျင်တွင် တိုင်းဒေသကြီးများ နှင့် ပြည်နယ်များ ဝန်းရံလျှက်ရှိနေသည့်ကုန်းတွင်းပိုင်း မြေပြန့်ဒေသတစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ မြောက်ဖျားပိုင်းမှ တောင်ဖျားပိုင်းသို့ ကူးသန်းသွားလာရာတွင်လည်းကောင်း ၊ မြန်မာနိုင်ငံ၏ အရှေ့ဖျားပိုင်းမှ အနောက်ဖျားပိုင်းသို့ ကူးသန်းသွားလာရာတွင် လည်းကောင်း ၊ လမ်းဆုံကျနေသော တိုင်းဒေသကြီးတစ်ခု ဖြစ်ပါသည်။ ခရီးသွားရှု့ထောင့်မှကြည့်မည်ဆိုပါကလည်း မန္တလေးတိုင်းဒေသကြီး၏ တည်နေရာအနေအထားမှာ ပြည်တွင်းဒေသအသီးသီးမှ ကုန်းလမ်း ၊ ရေလမ်း နှင့် လေကြောင်းလမ်းတို့ဖြင့် အသီးသီးလာရောက်နိုင်သကဲ့သို့ ပြည်ပဧည့်သည်များ အတွက်လည်း နယ်စပ်ဖြတ်ကျော်ဝင်ပေါက်များ နှင့် အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းများမှ ဥဒဟိုဝင်ရောက်လာနိုင်သည့် တိုင်းဒေသကြီး တစ်ခုဖြစ်ပါသည်။ထိုအချက်များသည်ပင် မန္တလေးတိုင်းဒေသကြီး၏ ခရီးသွားလုပ်ငန်းနှင့်ကျောက်မျက်ရတနာလုပ်ငန်းဈေးကွက်ဖွံ့ဖြိုးတိုးတတ်ရေးအတွက် ပထဝီဝင်အနေအထားအရ အထောက်အကူပြုနေသော အားသာချက်တစ်ရပ်ပင်ဖြစ်ပါသည်။

၃။ ကျွန်တော်တို့ Mandalay Yatanar Mall ( Gems & Jewellery Shopping Mall )သည် မန္တလေးမြို့၏အချက်အချာလူစည်ကားရာနေရာဖြစ်သော ချမ်းအေးသာစံမြို့နယ်၊(၃၄x၇၈)လမ်းထောင့် ရတနာပုံစူပါစင်တာ၊ဒုတိယအလွှာတွင်တည်ရှိပြီး နိုင်ငံတကာအဆင့်မှီကျောက်မျက်ရတနာပစ္စည်းများ ရောင်းဝယ်သည့် ဆိုင်ခန်းပေါင်း (၃၈၂) ခန်းဖြင့် ဖွဲ့စည်းတည်ဆောက် ထားရှိပါသည်။မြန်မာနိုင်ငံ၏အနယ်နယ်အရပ်ရပ်မှ ကျောက်မျက်ရတနာလုပ်ငန်းရှင်များ နှင့် ကုန်သည်ကြီးများ ဆုံစည်းရာ နေရာဖြစ်ပြီး ကျောက်မျက်ရတနာ အမျိုးအစားပေါင်းများစွာကို တစ်နေရာတည်း၌ (One Stop Services) ဝန်ဆောင်မှုဖြင့် စိတ်ကြိုက်ရွေးချယ် ဝယ်ယူရရှိနိုင်သည့် နိုင်ငံတကာအဆင့်မှီ ကျောက်မျက်ရတနာဈေးကွက်တစ်ခုအဖြစ် ဖန်တီးပုံဖော် ထားရှိပါသည်။

Mandalay Yatanar Mall

Gems & Jewellery Shopping Mall

ရည်ရွယ်ချက်

၁။ ပြည်တွင်းပြည်ပမှ ကျောက်မျက်ရတနာ ကုန်သည်ကြီးများအား စုစည်း၍ နိုင်ငံတကာကျောက်မျက်ရတနာဈေးကွက်တခု ဖော်ဆောင်နိုင်ခြင်းဖြင့် မြန်မာနိုင်ငံစီးပွားရေး မြို့တော် မန္တလေးမြို့၏ ဂုဏ်ဆောင်ကမ္ဘာလှည့်ခရီးသွားများ အထူးစိတ်ဝင်စားရာ နေရာတခု ဖြစ်ပေါ်လာစေပြီး နိုင်ငံတော်အတွက် အခွန်ငွေများ တိုးတတ်ရရှိစေရန် နှင့် နိုင်ငံခြားဝင်ငွေရရှိစေရန်။

၂။ ကျောက်မျက်ရတနာ ရောင်း/ဝယ်ယူလိုသူများ အတွက် ကျောက်မျက်ရတနာမျိုးစုံကို တစ်နေရာတည်း၌ ပစ္စည်းမှန် ဈေးနှုန်းမှန်ဖြင့် စုစည်းရရှိနိုင်ပြီး (One Stop Service) ဝန်ဆောင်မှုများနှင့် အတူ ယုံကြည်စိတ်ချစွာ စိတ်ကြိုက်ရွေးချယ် ဝယ်ယူရရှိနိုင်မည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော နိုင်ငံတကာအဆင့်မှီ ကျောက်မျက်ရတနာဈေးကြီးတခု ဖြစ်ပေါ်လာစေရန်။

၃။ မြန်မာနိုင်ငံ၏တွင်းထွက်ကျောက်မျက်ရတနာအကြမ်းထည်များကို တရားမဝင်ရောင်းဝယ်ခြင်းကြောင့် ဖြစ်ပေါ်နေသော နိုင်ငံတော်၏ အခွန်ငွေများ နစ်နာဆုံးရှုံးမှုကို ကာကွယ်ရန်နှင့် လက်ရာသေသပ် ကောင်းမွန်သော မြန်မာ့လက်မှုအနုပညာ အချောထည်ဒီဇိုင်းအဆန်းများအဖြစ် တီထွင်ဖော်ထုတ်ကာ ပြည်တွင်း၌သော်လည်းကောင်း၊ ပြည်ပ၌သော်လည်းကောင်း နိုင်ငံတကာ ကျောက်မျက်ရတနာဈေးကွက်တခုအဖြစ် တိုးတတ်ဖြစ်ပေါ်လာစေရန်။

 

အနာဂတ် ရည်မှန်းချက်

၁။ Mandalay Yatanar Mall ကျောက်မျက်ရတနာဈေးကြီးတွင် ကျောက်မျက်ရတနာ မျိုးစုံတို့အား ပြည်တွင်းပြည်ပ ရောင်းဝယ်ဖောက်ကားရာ စီးပွားရေးဇုန် တခု ဖြစ်ပေါ်လာစေရေးနှင့် မြန်မာ့တွင်းထွက် ကျောက်မျက်ရတနာများအား နိုင်ငံတကာ အဆင့်မှီအချောထည် ဒီဇိုင်းဆန်းများအဖြစ် အသွင်ကူးပြောင်း စုစည်းပေါ်ထွက်လာရာဈေးကွက်တခု ဖြစ်ပေါ်လာစေရေးတို့ကို ရည်မှန်း၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

၂။ ကျောက်မျက်ရတနာလုပ်ငန်းနှင့် ဆက်စပ်သည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတတ်ရေးတို့အားဖော်ဆောင်နိုင်ရန် စက်မှု/လက်မှု အနုပညာဒီဇိုင်းသင်တန်းများ၊ ဒေသဖွံ့ဖြိုးတိုးတတ်ရေးကို အထောက်အကူပြုစေမည့် သင်တန်းများကို ဖွင့်လှစ်ခြင်းနှင့် မျိုးဆက်သစ်ကျောက်မျက်ပညာရှင်များမွေးထုတ်ခြင်းတို့ကို ပရဟိတလုပ်ငန်းများနှင့် တွဲဖက်၍ စီမံဆောင်ရွက်သွားမည် ဖြစ်ပါသည်။


There are 72 Shops in Category A and each shop is 250 square feet in area. Type A shops are enclosed rooms which are equipped with 10mm-thick timber glass showcases and are lit with bright LED lights. Your precious gems and jewelries can safely and beautifully be displayed.

There are 303 shops in Category B. Type B shops are set up in the open area and each shop has a glass counter equipped with 10mm-thick timber glass and are lit with bright LED lights.
You can advertise your business on light boxes and LED boards.

For the comfort and safety of you and your valuable jewelries
-    The exhibition area is air-conditioned.
-    CCTV cameras and TVs are installed everywhere.
-    Our highly trained and experienced security guards will ensure the security and safety of you and your valuable goods.




One-Stop Service

Bank Service

Fire Alarm Service

Security Service