ကျောက်မျက်ရတနာတွေရဲ့ ထူးခြားတဲ့အစွမ်း

ကျောက်မျက်ရတနာတိုင်းဟာ ထူးခြားတဲ့ အစွမ်း ဂုဏ်သတ္တိတွေ ရှိကြပါတယ်။ ရုတ်တရက်ကြည့်ရင်တော့ ဒါဟာ မယုံချင်စရာ ယုံတမ်းစကားတစ်ခုပါပဲ။ သို့ပေမယ့် အောင်မြင်ကျော်ကြားပြီး ချမ်းသာ၊ ထင်ရှားတဲ့ လူပုဂ္ဂိုလ်အားလုံးနီးပါးရဲ့ လည်ဆွဲ ၊ ဆွဲကြိုး ၊ နားကပ် ၊ လက်စွပ် နဲ့ လက်ကောက် စတာတွေကို လေ့လာကြည့်ကြည့်ပါ။ သူတို့ ၀တ်ဆင်ထားတဲ့ ကျောက်မျက်ရတနာကို သူတို့ဟာ အမြတ်တနိုးပဲဖြစ်ဖြစ် အဆောင်သဘောပဲဖြစ်ဖြစ် ၀တ်ဆင်လေ့ရှိတာ တွေ့ရမှာပါ။ ထူးထူးခြားခြား မြန်မာနိုင်ငံမှာတော့ န၀ရတ်ကိုးသွယ်ဆိုတဲ့ လက်စွပ်ကတော့ နာမည်ကြီးတဲ့ အဆောင်ယောင်လက်စွပ်ပါပဲ။ အဲ့သည်အတွက် သုတေသနပညာရှင်တွေနဲ့ လောကီအစီအရင် ဗေဒင်ကျမ်းတွေမှာ ၊ ရှေ့ဖြစ်ဟောဆရာတွေဆီမှာ ဒီကျောက်မျက်ရတနာတွေရဲ့အစွမ်းကို ထုတ်ဖော်ပြောဆိုထားတာကို တွေ့ရပါလိမ့်မယ်။ ဒီအထဲမှာမှ န၀ရတ်ကိုးပါးလို့ခေါ်တဲ့ ကျောက်မျက်ကိုးသွယ်ရဲ့ အစွမ်းသတ္တိတွေကို ဗဟုသုတရဖွယ်ရာ တင်ပြပေးလိုက်ရပါတယ်။  …

Read More