ကျောက်မျက်ရတနာတွေရဲ့ ထူးခြားတဲ့အစွမ်း
ကျောက်မျက်ရတနာတိုင်းဟာ ထူးခြားတဲ့ အစွမ်း ဂုဏ်သတ္တိတွေ ရှိကြပါတယ်။ ရုတ်တရက်ကြည့်ရင်တော့ ဒါဟာ မယုံချင်စရာ ယုံတမ်းစကားတစ်ခုပါပဲ။ သို့ပေမယ့် အောင်မြင်ကျော်ကြားပြီး ချမ်းသာ၊ ထင်ရှားတဲ့ လူပုဂ္ဂိုလ်အားလုံးနီးပါးရဲ့ လည်ဆွဲ ၊ ဆွဲကြိုး ၊ နားကပ် ၊ လက်စွပ် နဲ့ လက်ကောက် စတာတွေကို လေ့လာကြည့်ကြည့်ပါ။ သူတို့ ၀တ်ဆင်ထားတဲ့ ကျောက်မျက်ရတနာကို သူတို့ဟာ အမြတ်တနိုးပဲဖြစ်ဖြစ် အဆောင်သဘောပဲဖြစ်ဖြစ် ၀တ်ဆင်လေ့ရှိတာ တွေ့ရမှာပါ။
ထူးထူးခြားခြား မြန်မာနိုင်ငံမှာတော့ န၀ရတ်ကိုးသွယ်ဆိုတဲ့ လက်စွပ်ကတော့ နာမည်ကြီးတဲ့ အဆောင်ယောင်လက်စွပ်ပါပဲ။ အဲ့သည်အတွက် သုတေသနပညာရှင်တွေနဲ့ လောကီအစီအရင် ဗေဒင်ကျမ်းတွေမှာ ၊ ရှေ့ဖြစ်ဟောဆရာတွေဆီမှာ ဒီကျောက်မျက်ရတနာတွေရဲ့အစွမ်းကို ထုတ်ဖော်ပြောဆိုထားတာကို တွေ့ရပါလိမ့်မယ်။
ဒီအထဲမှာမှ န၀ရတ်ကိုးပါးလို့ခေါ်တဲ့ ကျောက်မျက်ကိုးသွယ်ရဲ့ အစွမ်းသတ္တိတွေကို ဗဟုသုတရဖွယ်ရာ တင်ပြပေးလိုက်ရပါတယ်။
၁။ ပတ္တမြား
ပတ္တမြားဟာ မရှိသေးတဲ့ ဘုန်းကံကို မြင့်တင်ပေးသလို ၊ ရှိပြီးသား ဘုန်းကံတွေကိုလည်း ပိုမိုပြီး ထွန်းတောက်စေခြင်းဆိုတဲ့ အစွမ်းသတ္တိရှိပါတယ်။
၂။ မြကျောက် (အေချမ်းသာယာစေခြင်း)
ဝတ်ဆင်သူနဲ့စိတ်နှလုံးကို အေးချမ်းစေပြီး ၀တ်ဆင်သူရဲ့မိတ်ဆွေတွေကိုရောပါ အေးချမ်းသာယာခြင်း ကို ပေးတဲ့အစွမ်းရှိပါတယ်။ အများသူငှာတွေနဲ့ ပြောဆိုဆက်ဆံရာမှာတော့ မြကျောက်ကို မဖြစ်မနေ သုံးစွဲလေ့ရှိကြပါတယ်။ ရှေးခတ် နန်းတွင်းမိဖုရားတွေနဲ့ သူဌေးသူကြွယ်တွေဟာ မြကျောက်ကို တကူးတကမှာကြားပြီး အမြတ်တနိုး ၀တ်ဆင်ကြပါတယ်။
၃။ စိန် (တန်ခိုးကျက်သရေ တိုးပွားစေခြင်း)
စိန်ဆိုတာ လူတိုင်းနီးပါး ကြိုက်နှစ်သက်ကြတဲ့ ရတနာတစ်ပါးပါပဲ။ အမျိုးသမီးတွေ ပိုမိုနှစ်သက်ပြီး ၀တ်ဆင်တဲ့သူကို ဥာဏ်အလင်းပွင့်စေပြီး ဂုဏ်ကျက်သရေ ပိုမိုတိုးပွားစေတဲ့အစွမ်းရှိပါတယ်။
၎။ ကြောင် (သိဒ္ဓိပြီးမြောက်စေခြင်း)
လောကီအစီအရင်ကို လိုက်စားတဲ့ ပုဂ္ဂိုလ်တွေကတော့ အမြတ်တနိုးထားလေ့ရှိပြီး ကြောင် လို့ခေါ်တဲ့ ကျောက်မျက်ရတနာဟာ သိဒ္ဓိမျိုးစုံကို ကျင့်ကြံဖို့အတွက် အဓိကရတနာလို့ ဆိုကြပါတယ်။
၅။ နီလာ (မေတ္တာ ၊ ကရုဏာသက်စေခြင်း)
နီလာဆိုတဲ့ ကျောက်မျက်ရတနာကတော့ တစ်ဖက်သားဟာကိုယ့်အပေါ် မေတ္တာသက်ဝင်လာစေပြီး ကြံစည်သမျှ အောင်စေနိုင်တယ်လို့လည်း အဆိုရှိပါတယ်။
၆။ ဂေါ်မုတ် (ခွန်အားတိုးပွားစေခြင်း)
ခွန်အားဗလ တိုးပွားစေတဲ့ ရတနာတစ်မျိုးဖြစ်ပြီး လူသိလည်း နည်းလှပါတယ်။
၇။ ဥဿဖယား (ကျန်းမာစေခြင်း)
ကျန်းမာခြင်း ၊ ပြီးပြည့်စုံခြင်းဆိုတဲ့ အရာတွေကိုပေးပြီး အချို့တွေဟာ ဥဿဖယားကို သီးသန့်အတွဲလိုက် ၀တ်ဆင်လေ့ရှိကြပါတယ်။
၈။ သန္တာ (အကြီးအကဲ ခေါင်းဆောင် ရာထူးတည်တံ့စေခြင်း)
၉။ ပုလဲ
ပုလဲကတော့ ကျက်သရေတိုးပွားစေတဲ့ အစွမ်းသတ္တိရှိပါတယ်။
Credit-fb