ကျောက်မျက်ချစ်သူများအတွက် ကျောက်စိမ်းအကြောင်းလေးတင်ပေးလိုက်ပါတယ်
ကျောက်မျက်ချစ်သူများအတွက် ကျောက်စိမ်းအကြောင်းလေးတင်ပေးလိုက်ပါတယ်ရှင့်
ကျောက်စိမ်းတွင်းထွက်နှစ်မျိုးရှိပါတယ်ရှင့်။ ဂျေဒိုက် (Jadeite) နှင့် နက်ဖရိုက် (Nephrite)
ဟူ၍ဖြစ်ပါတယ်။ ဂျေဒိုက်သည် ပို၍ရှားပြီး ဈေးပိုကြီးပါတယ်။ ကမ္ဘာပေါ်ရှိ အကောင်းဆုံး ဂျေဒိုက်များက မြန်မာနိုင်ငံမှ ထွက်ရှိပါတယ်ရှင့်။
အရောင် Colour
ဂျေဒိုက်ကျောက်စိမ်းသည် ခရမ်းပြာနုရောင်၊ လိမ္မော်ရောင်နှင့် အခြားအရောင်များလည်းရှိပါတယ်။ အထင်ရှားဆုံးအရောင်မှာ အစိမ်းရောင်ဖြစ်ပါတယ်။ မြစိမ်းရောင်ကျောက်စိမ်းက အလင်းပေါက်ဖြစ်ပြီး အင်ပီးရီးယယ် ကျောက်စိမ်းဟုခေါ်ပါတယ်ရှင့်။ ခရမ်းပြာနုရောင်ကျောက်စိမ်းက အင်ပီးရီးယယ်နောက် တန်ဖိုးဈေးအကြီးဆုံးဖြစ်ပါတယ်။ အခြား အစိမ်းရောင်ကျောက်စိမ်းများဖြစ်သော ကင်းဖစ်ရှာကျောက်စိမ်းက အစိမ်းဖျော့ရောင်ဖြစ်ပြီး အင်ပီးရီးယယ် ကျောက်စိမ်းထက် အလင်းပေါက်ပါတယ်ရှင့်။ အက်ပယ် ကျောက်စိမ်းသည် စိမ်းဝါရောင်ဖြစ်ပါတယ်ရှင့်။ မော့စ်အင်စနိုး ကျောက်စိမ်း သည် အရည်လည်သော ကျောက်စိမ်းဖြစ်ပါတယ်။ စိမ်းပြာရောင်နှင့် အဖြူရောင်တို့ ရောစပ်ထားပါတယ်ရှင့်။ အစက်အပြောက်လေးများနှင့် အကွက်တို့ ပါပါတယ်။ အရောင်သိပ်သည်းလေ တန်ဖိုးရှိလေဖြစ်ပါတယ်ရှင့်။
မျက်နှာပြင်ချောမွေ့မှု Texture
ဂျေဒိုက်ကျောက်စိမ်း၏ မျက်နှာပြင်သည် ကိုင်ကြည့်ချင်စရာကောင်းလောက်အောင် ကြည်လင်ချောမွေ့ ပါတယ်။ ဂျေဒီတိုက်၏ မျက်နှာပြင်သည် အကောင်းစား၊ အလတ်စားနှင့် အကြမ်းစားဟူ၍ ၃ မျိုးရှိပါတယ်ရှင်။ ယင်းတို့မှာ ကျောက်၏ အရွယ်အစားနှင့် မာခြင်းအဆင့်ပေါ်တွင် မူတည်ပါတယ်။ ဂျေဒိုက်ကျောက် မျက်နှာပြင်အမျိုးအစားသည် တွင်းဟောင်းနှင့် တွင်းသစ်ဟူ၍ ၂ မျိုးရှိပါတယ်ရှင့်။
ကြည်လင်မှု Transparency
ဂျေဒိုက်ကျောက်စိမ်း၏ ကြည်လင်မှုသည် လုံး၀အပိတ်မှ တစ်၀က်တစ်ပျက်ဖောက်ထွင်းမြင်ရသည်အထိ ရှိပါတယ်။ အကောင်းဆုံး ဂျေဒိုက်ကျောက်စိမ်းသည် တစ်၀က်တစ်ပျက် ဖောက်ထွင်းမြင်နေရသော ကျောက်စိမ်း ဖြစ်ပါတယ်။ သဘောမှာ စာပေါ်တွင် ကျောက်စိမ်းတုံးတင်၍ ဖတ်ပါက မှုန်ဝါးဝါးမြင်ရပါတယ်ရှင့်။ တန်ဖိုးအနည်းဆုံး ဂျေဒိုက် ကျောက်စိမ်းများသည် လုံး၀ အလင်းပိတ်ဖြစ်ပြီး တိမ်ရောင်ခွက်များရှိပါတယ်ရှင့်။ အကောင်းဆုံး ဖောက်ထွင်းမြင်ရမှုသည် တစ်ခါတစ်ရံ အရောင်တူညီမှုကို လျော့ပါးစေပါတယ်။
အလေးချိန် Weight
ဂျေဒိုက်၏အရွယ်အစားကို များသောအားဖြင့် မီလီမီတာဖြင့် ဖော်ပြလေ့ရှိပါတယ်။ ကျောက်စိမ်းလုံးချောများ၊ ကျောက်စိမ်းပုတီးများနှင့် ကျောက်စိမ်းလည်ဆွဲများ၊ ကျောက်စိမ်းလက်ကောက်၊ ကျောက်စိမ်းခြေကျင်းအစရှိတဲ့ တန်ဖိုးသည် အခြားအရည်အသွေးများ တူညီပါက အရွယ်အစားပေါ်တွင်မူတည်ပါတယ်။
ဖြတ်တောက်ပုံ Cut
အပြစ်အကင်းစင်ဆုံး အရည်အသွေးမြင့် ဂျေဒိုက်ကျောက်စိမ်းများကို များသောအားဖြင့် လုံးချောပုံဖြတ်တောက် လေ့ရှိပြီး လက်စွပ်နှင့် အခြားလက်၀တ်ရတနာများတွင် အသုံးပြုပါတယ်ရှင့်။